Thursday, January 15, 2015

နဂါး (naga) နှင့် ဂဠုန် (garuda)


နဂါး (naga)

နဂါးဆိုသည်မှာ သက္ကတနှင့် ပါဠိ စကားအနက်အရ တန်ခိုးအစွမ်းကြီးမားသော နတ်မျိုးနွယ်ဝင်သက်ရှိ (သို့) အလွန်ကြီးမားသောမြွေကိုဆိုလိုသည်။ ဆိုလိုရင်းမှာ မြွေတို့၏ဘုရင်ဖြစ်ပြီး ဟိန္ဒူဘာသာရေးနှင့် ဗုဒ္ဓဘာသာရေးတို့တွင် ဆက်နွယ်၍ “နဂါး” ကိုတွေ့ရလေ့ရှိသည်။
ရှေးခေတ်သူရဲကောင်း ထုံးဟောင်းပုံပြင်အများအပြားတွင် ကြောက်မက်ဖွယ်ရာနဂါးကို တွေ့ရသည်။ ထိုပုံပြင်များအရ နဂါးကို တန်ခိုးအစွမ်းထက်မြက်သောသတ္တ၀ါဟုလည်းကောင်း၊ မြွေများတွင် အဆိပ် အပြင်းအထန်ဆုံးသောမြွေဟုလည်းကောင်း၊ ခွန်အားဗလကြီးမားပြီး ဖန်ဆင်းနိုင်သောသတ္တ၀ါအဖြစ်

လည်းကောင်း တွေ့ရလေ့ရှိသည်။ နဂါး၏မျက်လုံးသည် မီးတန်ခိုးအရှိန်အ၀ါဖြင့် ပြည့်စုံသည်။ တစ်ခါတစ်ရံ ကောင်းသည့်ဘက်တွင် နဂါးကိုတွေ့ရသလို၊ ဆိုးသည့်ဘက်ကလည်း တွေ့ရတတ် သည်။
ထုံးဟောင်းပုံပြင် အများစုကိုကြည့်လျှင် နဂါးသည် လူနှင့်မြွေရောစပ်သည့် ပုံသဏ္ဍန်ရှိသောသတ္တ၀ါ ဖြစ်သည်ကို တွေ့ရလေ့ရှိသည်။ နဂါးသည် ရေကိုပိုင်စိုးသည်ဟု တောင်အာရှနိုင်ငံအချို့က ယူဆ ကိုးကွယ်ကြသည်။

ဂဠုန် (garuda) နှင့် ကမ္ဘာ့ရန်

ရှေးဟောင်းစာပေကျမ်းများအရ နဂါး၏ကမ္ဘာ့ရန်မှာ ငှက်တို့၏ဘုရင် ဂဠုန်ငှက်ဖြစ်သည်။ အစမူလ ပထမတွင်မူကား နဂါးနှင့် ဂဠုန်သည် ဖအေတူမအေကွဲသွေးရင်းများ ဖြစ်သည်။ ဒဏ္ဍာရီအဆို များအရ ကမ္ဘာ့ဦးဂရုကြီး ကစပ (kasyapa) တွင် မိန်းမနှစ်ယောက်ရှိသည်။ (သူ၏မိန်းမ ၁၃ ယောက်အနက်မှ, နတ်အပေါင်း၏ခေါင်းဆောင်ဖြစ်သော ရှီဗာ၏သမီးများ), ကဒရု (Kadru) နှင့် ဗိနတ (Vinata) ဟုအမည်ရှိ၍ ကဒရုက ဥပေါင်းတစ်ထောင် မွေးဖွား၍ နဂါးများပေါက်ဖွားလာပြီး၊ ဗိနတက ဥနှစ်လုံး သာမွေးဖွား၍ နေမင်း(သူရ)နှင့် ဂဠုန် (Garuda) ကိုမွေးဖွားလေသည်။ ရူးမိုက်တဲ့အလောင်းအစား တစ်ခုအတွက်, ဗိနတသည် သူ၏အမထံတွင် ကျွန်ခံရလေသည်။ ဗိနတ၏သားဖြစ်သူ ဂဠုန်သည် လည်း ထိုအတွက် နဂါးများ၏အလုပ်အကျွေးကို ပြုပေးရလေသည်။ အချိန်ကြာလာသည်နှင့်အမျှ ဂဠုန်သည် လွတ်မြောက်ရန်လမ်းစရှာကြံလေသည်။ ထိုကြောင့် ဂဠုန်သည် သူမည်သို့လုပ်လျှင် သူ၏မိခင်ကို ကျွန်အဖြစ်မှ လွတ်မြောက်ခွင့်ပေးမလဲ ဆိုသည်ကို နဂါးများအားမေးတော့သည်။ နဂါများက သူကို ထာဝရမသေဆေးရည် (amrita) ကိုယူဆောင်ခိုင်းလေသည်။ ထိုကြောင့် ဂဠုန်သည် ထိုဆေးရည်ကို နတ်ဘုရားများထံမှခိုး၍ နဂါးတို့အား ဆောင်ကျဉ်းပေးလေသည်။ သို့သော် ထိုဆေးရည်တွင် ဂဠုန်ရော၊ နဂါးများပါမသိရှိသောလျှို့ဝှက်ချက်ရှိသည်။ ၄င်းလျှို့ဝှတ်ချက်ကား ထိုဆေးရည်ကို နဂါးတို့ ထာဝရအသက်ရှည်ရန်အလို့ငှာ သုံးဆောင်မိပါက နဂါးတို့သည် ဂဠုန်၏ရန်သူနှင့် အစာဖြစ်လာရမည် ဟူသောအချက်ပင်ဖြစ်လေတော့သည်။ (Book I: Adi Parva, Sections 16ff.)

Ref: Wikipedia

1 comment: