Tuesday, January 13, 2015

"မြို့ရိုး၊ ခံတပ် အမည်ရ မြို့နယ်"

 
ရန်ကုန်တိုင်းဒေသကြီးမှာ ခရိုင်(၄) ခရိုင်နှင့် မြို့နယ်(၄၅)မြို့နယ်
ပါဝင်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် (၁၃) မြို့နယ်
တွင် ပါဝင်သော''ကြည့်မြင်တိုင်မြို့နယ်''သည် မွန်ဘာသာဖြင့် မြို့ရိုး၊
ခံတပ်ကို အကြောင်းပြုကာ မှည့်ခေါ်ထားခြင်းဖြစ်သည်။ မွန်ဘာသာ
နှင့် (ကွာဍုင်) ကွာဍုင်ဒိန် (အသံထွက်)ဖြစ်သည်။ ကြည့်မြင်တိုင်ရွာ
ကြီးသည် အလောင်းဘုရား၏ ရန်ကုန်မြို့ကွက်ကာလကပင်
အနောက်မြို့ရိုး၊ခံတပ် အနေဖြင့် တည်ရှိခဲ့သည့် သမိုင်းဝင်ရွာကြီး 

ပင်ဖြစ်လေသည်။


"Come and die မှ Kemmen-dine သို့"
အုန့်၊ အင့်၊ ရုန့်သံ၊ ကုလား-မြန်မာ ဝေရန်ပထမလို့ လင်္ကာ
သွယ်ထားတဲ့အတိုင်း ကောဇာ ၁၁၈၆ခုနှစ်၊ ခရစ်နှစ် ၁၈၂၄ မှာ
နယ်ချဲ့တို့က ပထမကျူးကျော်စစ်ဖြင့် စတင်တိုက်ခိုက်ခဲ့ကြသည်။
ရာမှူး-ပန်းဝါတိုက်ပွဲမှာ မြန်မာတို့က အနိုင်ရလိုက်ပေမယ့် နယ်ချဲ့
တို့က ရန်ကုန်မြို့ကို အလစ်အငိုက်မှာ ဝင်ရောက်တိုက်ခိုက်ကြ
သည်။ ကြည့်မြင်တိုင်မှာပင် နယ်ချဲ့တို့နှင့် မြန်မာရဲမက်တို့သည်
သုံးကြိမ်တိုင် တိုက်ပွဲဖြစ်ခဲ့ကြရာ နယ်ချဲ့စစ်ဗိုလ်၊ စစ်သားတွေ အကျ
အဆုံးများပြားခဲ့သည်။ ထို့ကြောင့် Come and die" ''နယ်ချဲ့
တွေလာပြီ-- သေကြဟေ့--'' လို့ ကြုံးဝါးတိုက်ခိုက်မှုပုံရိပ်ကနေ
Kemmen-dine ဖြစ်လာသည်လို့ ယူဆချက်လည်းရသည်။
ပြည်သူ့တရားသူကြီးတွေနှင့် တရားစီရင်သည့်ကာလတုန်းက
အတိုင်၊ အတာတွေများလွန်း၍ ''ကြည့်+ မြင်+တိုင်''ဖြစ်ခဲ့ရပြန်သည်။

ရန်ကုန်မြို့ကွက်ကို အနောက်ဘက်သို့ ဆက်လက်တိုးချဲ့ချိန်မှာ
ကြည့်မြင်တိုင်မြို့ကွက်ကို ဖော်ထုတ်တည်ဆောက်ပေးခဲ့သည်။
ရန်ကုန်မြို့မှာ ကမ်းနားလမ်းမကြီး (Strand)ကို မြစ်ကမ်းနှင့်အပြိုင်
သွယ်တန်းဖောက် လုပ်ပေးထားခဲ့သည်။ အလားတူ မြို့ပြအင်္ဂါ
ရပ်မှာ ပါဝင်သည့်မြူနီစီပါယ်ဈေး(ကမ်းနားဈေး)နှင့် သူဌေးဈေး (စူရတီ
ဘဇား)တွေပါရှိခဲ့သည်။ ယခုတော့ ကြည့်မြင်တိုင်ငါးဈေးကြီးပ
ထီးထီးမားမားတည်ရှိနေပြီ။ ကြည့်မြင်တိုင်မြို့ကွက် စတင်တည်
ဆောက်စဉ်က မြောက်ဘက်နယ်နိမိတ်လမ်းကို North Street
အမည်ပေးထားခဲ့တယ်။ အဲဒီလမ်းမှာ အရိပ်အာဝါသ ကောင်းတဲ့
ညောင်ပင်ကြီး ထီးထီးမားမားရှိခဲ့သည်။ ကြည့်မြင်တိုင်ကမ်းနားတွင်
ငါးလှေကပ်ပြီး ငါးတက်ရောင်းကြသူတွေက ရုက္ခစိုး နတ်ကွန်းဆောက်
လုပ်ပသခဲ့ရာကနေ အခုတော့ ကိုးမြို့ရှင် နတ်ကွန်းကြီးပါ တည်ရှိ
လာကာ နတ်စင်လမ်း အမည်တွင်လာခြင်းဖြစ်သည်။ သရက်တော
ကြီးတွေ ထူထပ်စွာတည်ရှိခဲ့တဲ့ နိမိတ်ပုံအနေဖြင့် သရက်တော
(၁)လမ်းမှ (၆)လမ်းအထိရှိနေသလို ကွမ်းခြံတွေ စီတန်းတည်ရှိခဲ့
လို့ ကွမ်းခြံရပ်၊ ကွမ်းခြံကျောင်းအမည်တွေရှိတာဖြစ်သည်။ ကြည့်
မြင်တိုင်မြို့နယ်သည် အလွန်ကျယ်ဝန်းခဲ့သည်။ ကမာရွတ်မြို့နယ်သည်
ကြည့်မြင်တိုင်အရှေ့ သရက်ကုန်းတိုက်နယ်ဖြစ်ခဲ့ပြီး စမ်းချောင်းမြို့နယ်
သည်လည်း ကြည့်မြင်တိုင်အရှေ့တိုက်နယ်ဖြစ်ခဲ့ဖူးသည်။ လှိုင်မြစ်
တစ်ဖက်ကမ်းက အေးရွာ၊ ဝါးရုံဆိပ်၊ အလတ်ချောင်း၊ ဆိပ်ကြီး၊
ငါးဇင်၊ စက်ဆန်း၊ စက်ကလေးနှင့် ဘလုတ်ညွန့်ရွာတွေသည် ကြည့်မြင်
တိုင်၏ အနောက်ဘက် နယ်နိမိတ်အဖြစ်ရှိခဲ့သည်။ ယခုတော့ ရန်ကုန်မြို့ကွက်
တိုးချဲ့ရာမှာ ပါဝင်သွားပါပြီဖြစ်သည်။

"ရွှေတိုင်မြေရဲ့သမိုင်းသက်သေ၊ ၀ိသေသအထွေထွေ"
ကုန်းဘောင်မင်းဆက်(၁ဝ) ဆက်မြောက် မင်းတုန်းမင်းတရားကြီး
လက်ထက်မှာ နယ်ချဲ့လက်အောက်ရောက်နေသော ရန်ကုန်မြို့၏ တံခွန်
''မြတ်ဘုရားရွှေတိဂုံ''ကို ဘုံကိုးဆင့်ထီးတော်ကြီး တင်လှူ နိုင်ရန်
သံတမန်ပရိယာယ်ဖြင့် ဆောင်ရွက်ခဲ့ရသည်။ ပန်းဘဲမင်းကြီးက
မင်းတရားကြီးကိုယ်စား ခေတ်မီကိရိယာမပါဘဲ မြန်မာ့ထီးတော်
တင်နည်း စနစ်ဖြင့် အောင်မြင်စွာ တင်လှူပေးနိုင်ခဲ့သည်။ ဘုံကိုးဆင့်
ထီးတော်ကြီး၏ တတိယဘုံဆင့်ကို ကြည့်မြင်တိုင်သူကြီး မောင်ဘို
က သယ်ယူခွင့်ရခဲ့သည်။ ကြည့်မြင်တိုင်နေ အနုပညာရှင်တွေက
အမည်ရှေ့တွင် ''ရွှေတိုင်''လို့ ဂုဏ်ယူဖော်ညွှန်းကြသည်။ အမျိုး
သားရေးသီချင်းတွေရေးခဲ့သည့် ''ရွှေတိုင်ညွန့်'' အပါအဝင် ဇာတ်
သဘင်သမားတွေနေထိုင်ခဲ့ကြသော ''ဘော်ဂါတန်း'' (ယခုဘောဂ
ရပ်ကွက်)လည်းရှိခဲ့သည်။ အလားတူ ''လူတွင်ဆယ်ပွင့်ပန်း''ထဲက
''ပန်းတဉ်း''သမားတွေနေထိုင်သော ''ပဒင်းတန်း'' လည်းရှိနေသည်။

နယ်ချဲ့တို့၏ကျူးကျော်စစ်ကို ကြည့်မြင်တိုင်ခံတပ်ကနေ ရဲဝံ့စွာ
တွန်းလှန်နိုင်ခဲ့သလို မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှာ ကြည့်မြင်
တိုင်သား၊ သူတွေ၏ စွမ်းဆောင်ချက်တွေကလည်း အနမတဂ္ဂပါပဲ၊
ရွှေတိုင်သား ကိုညိုသည် အမ်အေ ဦးမောင်ကြီး ဦးစီးတည်ထောင်
ခဲ့တဲ့ အပျော်တမ်းရဲတပ်ဖွဲ့မှာ ပါဝင်ခဲ့သည်။ အပျော်တမ်းရဲတပ်ဖွဲ့
ကို''အစိမ်းရောင် ဗမာ့တပ်မတော်(Burma's Green Army)လို့
လည်း ခေါ်ဝေါ်ခဲ့သည်။ အပျော်တမ်းရဲတပ်ဖွဲ့ဝင် ကိုညိုသည် နယ်ချဲ့
ဆန့်ကျင်ရေးသမိုင်းတွင် ထင်ရှားခဲ့သည့် ''ရွှေတောင်တိုက်ပွဲ''မှာ
ဗိုလ်သူရဘွဲ့နှင့် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့သည်။ ထို့ကြောင့်
ရွှေတိုင်မြေမှာ ရွှေတိုင်သား ကိုညိုကို ဂုဏ်တင်မှည့်ခေါ်ထားတဲ့
ဗိုလ်သူရလမ်းအမည်ရှိနေတာဖြစ်သည်။

ကြည့်မြင်တိုင်ကမ်းနားလမ်းမှာ စစ်အတွင်းက နစ်မြုပ်ခဲ့သည့်
သင်္ဘောကြီးကို ကမ်းပါးထိန်းနံရံ (Retaining Wall) အဖြစ် အသုံး
ပြုထားလို့ လှိုင်မြစ်ကမ်းပါး ရေတိုက်စားခြင်း ကင်းဝေးသွားခဲ့သည်။
ထို့ကြောင့် လှိုင်မြစ်ကမ်းပါးမှာ သင်္ဘောကျင်း၊ သစ်စက်၊ အထပ်
သားစက်နှင့် သစ်ဆိပ်တွေအပြင် ရွှံ့ညွန်ဗွက်ထူလွန်သည့်အတွက
ဆင်တောင်မလိုက်နိုင်သော ''ဆင်မလိုက်''ရပ်မှာ မြို့တော်သတင်း
စာတိုက်၊ ဆင်မလိုက်ဈေးသစ်ကြီးနှင့်(Hi-way Complex) ရောင်စုံ
တိုက်တာတွေဘေးကနေ နာနတ်တော ခုံးကျော်တံတားပါရှိနေ
ပါပြီ။ အရိုးရောဂါအထူးကုဆေးရုံကြီး၊ ကြည့်မြင်တိုင်မြို့နယ်မှာ ရှိ
နေတာ ရာစုနှစ်တိုင်တော့မည်။ ခြေလိမ်ရပ်ကွက်ဖြစ်ခဲ့သော ထီးတန်း
ဈေးကလေးမှာလည်း လှိုင်မြစ်ကမ်းကို မျက်နှာစာပြုထားတဲ့ တိုက်
တာတွေနဲ့ ဝန်းရံနေပြီ။

မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်နှင့် ဘာသာအားလုံး
ချစ်ကြည်မှုပြယုဂ်အဖြစ် ရှေးဟောင်းလက်ရာအဆောက်အအုံတွေ
ဖြစ်ကြသည့် ဗုဒ္ဓဘာသာဝင်တို့၏ စလင်းကျောင်းတိုက်ကြီး၊ ခရစ်ယာန်
ဘာသာတို့၏ ရှင်မိက္ခေလအင်္ဂလီကန်Church နှင့် အစ္စလာမ်တို့
၏ အုန်းပင်တန်း ဆွန်နီဂျာမေဗလီတို့အပြင် ရှေးဟောင်းစာရင်း
မဝင်သေးသည့် ဟိန္ဒူဘုရားကျောင်းတွေပါ တည်ရှိနေပါသည်။

Ref: မောင်မြတ်မွန်(ဆူးလေ)၊ မြို့တော်သတင်း

No comments:

Post a Comment