Monday, January 19, 2015

"Giza Pyramid" (သို့မဟုတ်) ရှေးခေတ်ကမ္ဘာ့အံ့ဖွယ်တစ်ပါး"

ဂိုင်ဇာမဟာပိရမစ်ကြီးကို ကူဖူးပိရမစ် (Khufu's Pyramid or the Pyramid of Khufu) (သို့မဟုတ်) ချီရော့ပ်ပိရိမစ် (Pyramid of Cheops) ဟုလည်းခေါ်ဆိုကြပြီး ဂိုင်ဇာဂူင်္သချိုင်း (Giza Necropolis) ပိရိမစ်များထဲမှ ရှေးအကျဆုံးနှင့် အကြီးဆုံး ပိရမစ် ဖြစ်သည်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အစပ်တွင်တည်ရှိပြီး ရှေးခေတ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးထဲမှ တစ်ခုတည်း ကြွင်းကျန်ရစ်သော အဆောက်အဦးဖြစ်သည်။
စတုတ္ထမြောက် အီဂျစ်မင်းဆက်၏ ဖာရိုဘုရင်ကူဖူး (ဂရိဘာသာဖြင့် ချီရော့ပ်)၏

ဂူသင်ချိုင်းအဖြစ် ဆောက်လုပ်ခဲ့သည်ဟု ယုံကြည်ယူဆပြီး အနှစ် ၂၀ ကျော်ကြာဆောက်လုပ်ခဲ့ကာ ဘီစီ ၂၅၆၀ ခန့်တွင် ပြီးစီးခဲ့သည်။ ကနဦး မဟာပိရမစ်ကြီးအမြင့်မှာ ၁၄၆.၅ မီတာ (၄၈၁ ပေ)မြင့်ပြီး မဟာပိရမစ်ကြီးမှာ လူတို့တည်ဆောက်သော အဆောက်အဦးများထဲတွင် အမြင့်ဆုံး အဆောက်အဦးအဖြစ် နှစ်ပေါင်း ၃၈၀၀ ကျော်မျှရပ်တည်ခဲ့သည်။ မဟာပိရမစ်ကြီး၏ အောက်ခြေအကျယ်အ၀န်းမှာ၂၃၀.၄မီတာ (၇၅၆ ပေ) ကျယ်ဝန်းသည်။

ယခုထက်တိုင် မြင်နိုင်သော ကြွင်းကျန်ရစ်သောအရာမှာ အထပ်ဆင့်ပိရမစ် (step-pyramid)၏ အောက်ခံအတွင်းပိုင်း ပုံပန်းသဏ္ဍာန်သာဖြစ်သည်။ အပေါ်မှကာရံထားသော အကာအရံကျောက်တုံးများကို မဟာပိရမစ်ကြီး ၏အောက်ခြေတွင် ယနေ့ထက်တိုင်မြင်နိုင်သေးသည်။ ပိရမစ် မည်သို့တည်ဆောက်ခဲ့သည်ဟူသောအချက်နှင့် ပတ်သက်၍ ကွဲပြားခြားနားသောသိပ္ပံနည်းကျ သီအိုရီနှင့် အခြားသီအိုရီမြောက်များစွာရှိသည်။ အများစုလက်ခံထားကြသော တည်ဆောက်မှုနှင့်ပတ်သက်သည့်သီအိုရီမှာ ကြီးမားသော ကျောက်တုံးများကို ကျောက်ထုတ်ရာဒေသမှ ဆွဲယူလာပြီး နေရာတကျမတင် တည်ဆောက်ခဲ့သည်ဟူ၍ ဖြစ်သည်။

မဟာပိရမစ်အတွင်း၌ ခန်းမဆောင် (၃) ခုရှိသည်ဟု သိရသည်။ အနိမ့်ဆုံးတွင်တည်ရှိသော ခန်းမဆောင်မှာ အောက်ခံအဖြစ် တည်ဆောက်ထားပြီး အပေါ်မှပိရမစ်ကို ထပ်ဆင့်တည်ဆောက်ထားကာ ပြီးစီးအောင်တည်ဆောက်ခြင်းမရှိခဲ့ပေ။ ဘုရင်၏ ခန်းမဆောင်နှင့် မိဖုရား၏ခန်းမဆောင်မှာ ပိရိမစ်တည်ဆောက်မှု၏ ပိုမိုမြင့်သောအပိုင်းတွင် တည်ရှိသည်။ ဂိုင်ဇာမဟာပိရမစ်ကြီးသည် အဆောက်အဦးအစုအဝေး၏ အဓိကအဆောက်အဦးဖြစ်သည်။ အဆောက်အဦးအစုအဝေးတွင် ခူဖူးအား ဂုဏ်ပြုတည်ဆောက်ထားသော အသုဘရှုဘုရားကျောင်း (၂) ကျောင်း (တစ်ခုမှာ ပိရမစ်နှင့်နီးပြီး အခြားတစ်ခုမှာ နိုင်းမြစ်နှင့်နီးသည်။)၊ ခူဖူး၏ဇနီးများအတွက် ပိရမစ်အငယ်စား (၃) ခုအပြင် သစ္စာတော်ခံနောက်လိုက်အတွက် ပိရမစ်အသေးစား (၁) ခု၊ ဘုရားကျောင်းနှစ်ခုကို ဆက်သွယ်ထားသောမိုးပျံတံတားနှင့် ပတ်ပတ်လည်ရှိဂုဏ်ထူးဆောင်ပုဂ္ဂိုလ် များအတွက် မက်စ်တာဘာ ဂူင်္သချိုင်းများပါဝင်သည်။

ကျမ်းကိုး။ wikipedia (မြန်မာဘာသာ)၊ အင်္ဂလိပ်ဘာသာမှ ပြန်ဆိုသည်။

No comments:

Post a Comment