Thursday, January 15, 2015

"ဝန်ကြီးများရုံး"

 ဝန်ကြီးများအဆောက်အအုံ (Ministers' Building) ကို ဝန်ကြီးများရုံးဟုခေါ်သည်။ မူလအစ အတွင်းဝန်ရုံး ခေါ်ခဲ့သည့် အတွင်းဝန်အဆောက်အအုံသည် ဗြိတိသျှ-ဗမာ အုပ်ချုပ်သူများ၏ရုံးစိုက်ရာဖြစ်ပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တော်တွင်တည်ရှိသည်။

၁၉၀၂ခုနှစ်တွင် ပင်မအဆောက်အအုံကြီး ပြီးစီး၍ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းများကို ၁၉၀၅ခုနှစ်တွင် အပြီးသတ်နိုင်ခဲ့သည်။ တည်ဆောက်စရိတ်စုစုပေါင်း ထိုခေတ်က ကျပ်ပေါင်း ၂.၅ သန်း

ကုန်ကျခဲ့သည်။ ၁၉၇၂မတိုင်ခင်အထိ ထိုအဆောက်အအုံကြီးကို အစိုးရ အတွင်းဝန်ရုံးဟုခေါ်ခဲ့ပြီး နောက်ပိုင်းတွင် ဝန်ကြီးများရုံးဖြစ်လာသည်။

၁၈၀၀ ခုနှစ်နောက်ပိုင်းတွင် တည်ဆောက်ခဲ့သည် ထိုအဆောက်အအုံသည် နှစ်ပေါင်း ၁၂၀ကျော်ရှိနေပြီဖြစ်သည်။ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦး ၁၉၄၇ခုနှစ်၊ ဇူလိုင် ၁၉တွင် ကျဆုံးခဲ့သည်နေရာဖြစ်သည်။ ၁၉၃၈ ခု၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ ထောင့်သုံးရာပြည့် အရေးတော်ပုံအတွင်းက နိုင်ငံနှင့်လူမျိုးအတွက် အသက်စွန့်သွားသော ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော် သေဆုံးလောက်အောင် ဒဏ်ရာရခဲ့သည့် နေရာလည်းဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများစာရင်းတွင် ပါဝင်နေပြီး လက်ရှိအချိန်တွင် ပစ်ပယ်ထားရှိခြင်းခံနေရသည့်နေရာဖြစ်သည်။ ရန်ကုန်မြို့တော်အတွင်း ဘလောက်တစ်ခုစာနေရာယူထားလောက်ရအောင် ကျယ်ဝန်းသော အဆိုပါအဆောက်အအုံကြီးသည် မြောက်ဘက်တွင် အနော်ရထာလမ်းမ၊ အရှေ့ဘက်တွင် သိမ်ဖြူလမ်းမ၊ တောင်ဘက်တွင် မဟာဗန္ဓုလလမ်းမနှင့် အနောက်ဖက်တွင်ဗိုလ်အောင်ကျော်လမ်းမကြီးများနှင့်ဆက်စပ်နေသည်။

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာရင်နှီးမြုပ်နှံမှုကော်မရှင်ထံသို့ ဝန်းကြီးများရုံးအား ဟော်တယ်နှင့်ပြတိုက်ပြုလုပ်ရန် ဒေသတွင်း ကုမ္ပဏီ၇ ခု၊ နိုင်ငံခြားမှ ကုမ္ပဏီ၃ ခု လာရောက်တင်ပြထားလျက်ရှိသည်ဖြစ်သည်။

Ref: wikipedia မှပြန်ဆိုသည်။

No comments:

Post a Comment