Monday, January 19, 2015

"Giza Pyramid" (သို့မဟုတ်) ရှေးခေတ်ကမ္ဘာ့အံ့ဖွယ်တစ်ပါး"

ဂိုင်ဇာမဟာပိရမစ်ကြီးကို ကူဖူးပိရမစ် (Khufu's Pyramid or the Pyramid of Khufu) (သို့မဟုတ်) ချီရော့ပ်ပိရိမစ် (Pyramid of Cheops) ဟုလည်းခေါ်ဆိုကြပြီး ဂိုင်ဇာဂူင်္သချိုင်း (Giza Necropolis) ပိရိမစ်များထဲမှ ရှေးအကျဆုံးနှင့် အကြီးဆုံး ပိရမစ် ဖြစ်သည်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အစပ်တွင်တည်ရှိပြီး ရှေးခေတ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးထဲမှ တစ်ခုတည်း ကြွင်းကျန်ရစ်သော အဆောက်အဦးဖြစ်သည်။
စတုတ္ထမြောက် အီဂျစ်မင်းဆက်၏ ဖာရိုဘုရင်ကူဖူး (ဂရိဘာသာဖြင့် ချီရော့ပ်)၏

Thursday, January 15, 2015

"ရိုင်ဖယ်"

ရိုင်ဖယ်ဆိုသည်မှာ သေနတ်အမျိုးအစားတစ်မျိုးဖြစ်ပြီး သေနတ်ဒင်နှင့်ပြောင်းရှည်တို့ပါဝင်ကာ ပခုံးတွင်ထောက်၍ ပစ်ခတ်ရသည်။ ရိုင်ဖယ်သေနတ်အားအား ဝေးကွားသည့်ပစ်မှတ်များကို တိကျစွာ ပစ်ခတ်နိုင်ရန် ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ အရပ်ဖက်တွင် ရိုင်ဖယ်ကိုသေနတ်ဟူ၍လည်းကောင်း၊ ဒင်ပါသောသေနတ်များကို ရိုင်ဖယ်ဟူ၍လည်းကောင်းလွဲမှားစွာခေါ်ဝေါ်နေကြသည်။

သေနတ်ကျည်ဆံအား မောင်းရိုက်မိသောအခါ ယမ်းပေါက်ကွဲမှုကြောင့် သေနတ်ပြောင်းအတွင်းသို့ကျည်ဆန်ရောက်သွားသည်။ ရိုင်ဖယ်ပြောင်းအတွင်းပိုင်းသည် ၀က်အူရစ်သဏ္ဍာန်လမ်းကြောင်းပုံဖော်ထားပြီး ထိုလမ်းကြောင်းပုံစံကြောင့် ရောက်ရှိလာသောကျည်ဆန်သည် ဆွဲမွှေ့ခြင်းခံရကာ ချိန်ဆရာနေရာသို့အရှိန်ပြင်းစွာ သေနတ်ပြောင်းမှ မွှတ်နေအောင်လည်ပတ်ထွက်သွားသည်။ ထိုသို့လည်ထွက်သွားသောကျည်ဆန်သည် Angular Momentum ရူပဗဒေနိယာမအတိုင်း အရှိန်ကျနှုန်းအားထိန်းသိမ်းနိုင်သည့်အပြင် ပစ်မှတ်အားပိုမိုတိကျစွာရောက်ရှိနိုင်သည်။ ရှေးအခါကသေနတ်ကျည်ဆန်များအတွက် ယမ်းအနက်နှင့် ကော်ဒိုက်ယမ်းတို့ကိုအသုံးပြုသော်လည်း နောက်ပိုင်းတွင်ပေါက်ကွဲအားပိုမိုပြင်းထန်သည့် nitrocellulose ဒြပ်ပေါင်းအားအသုံးပြုလာကြသည်။

ရိုင်ဖယ်သေနတ်ပေါ်ပေါက်လာပုံနှင့်ပတ်သတ်၍ သမိုင်းအထောက်အထား အတိအကျမကျန်ခဲ့ချေ။ သို့သော် ၁၅ရာစုခန့်ကဥရောပတွင်အသုံးပြုနေသော Musket ယမ်းထိုးသေနတ်များ၏ ချို့ယွင်းချက်များကို ပိုမိုကောင်းမွန်အောင်ပြုပြင်ရာမှ Rifling ခေါ်သေနတ်ပြောင်းအတွင်း အရစ်ဖေါ်ခြင်းများခေတ်စားလာခဲ့ သည်။ နပိုလီယံစစ်ပွဲအတွင်း ဗြိတိသျှစစ်တပ်မှ Baker အမည်ရှိရိုင်ဖယ်သေနတ်များအား စမ်းသပ်နေခဲ့ပြီး စပိန်နှင့်ပေါ်တူဂီစစ်ပွဲများတွင် စတင်အသုံးပြုခဲ့သည်။ ထိုရိုင်ဖယ်သေနတ်များသည် Musket ခေါ်သေနတ်များထက် ပိုမိုဝေးကွာအောင်ပစ်နိုင်သည့်အပြင် ပိုမိုတိကျမှုရှိသောကြောင့် အောင်မြင်မှုရခဲ့သည်။
၁၉ရာစုအရောက်တွင် ဆလင်ဒါပုံပြောင်းများအသုံးပြုလာာကပြီး ကျည်ဆန်ပုံသဏ္ဍာန်ပါပြောင်းလဲလာသည်။ ၁၉ရာစုနှောင်းပိုင်းတွင် ဂျာမန်လက်နက်ထုတ်လုပ်သူ Paul Mauser၏ Mauserရိုင်ဖယ် စတင်ပေါ်ပေါက်လာခဲ့ပြီး ကျည်(၅)တောင့်ဝင်ကျည်ကတ်အား စတင်အသုံးပြုခဲ့သည်။ ထိုနောက် ဗြိတိသျှစစ်တပ်မှ ကျည်(၁၀)တောင့်ဝင် Lee-Enfield ရိုင်ဖယ်များ အသုံးပြုလာကြပြီး ၁၉၀၃ခုနှစ်တွင် အမေရိကန်လုပ် Springfield ရိုင်ဖယ်များအသီးသီးထွက်ပေါ်လာခဲ့သည်။

ပထမကမ္ဘာစစ်သည် ရိုင်ဖယ်၊ စက်သေနတ်နှင့် အမြောက်များ တွင်ကျယ်စွာ အသုံးပြုခဲ့သည့်စစ်ပွဲဖြစ်သည့်အပြင် ထိုလက်နက်များ၏အဖျက်စွမ်းအားနှင့် အရေးပါပုံတို့ကြောင့် မရှိမဖြစ်လိုအပ်သည့် စစ်လက်နက်များဖြစ်လာကြသည်။ ပထမကမ္ဘာစစ်၏ အတွေ့အကြုံအရ သာမန်ရိုင်ဖယ်များသည် မီတာ ၃၀၀ အောက်လျော့သော အနီးကပ်တိုက်ပွဲများတွင် အသုံးပြုရခက်ခဲကြောင်းသိလာသောအခါ ပိုမိုပေါ့ပါးသော ဘက်စုံအသုံးပြုရိုင်ဖယ်များပါ တီထွင်လာခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းနှင့်နောက်ပိုင်းတွင် ရိုင်ဖယ်များ၏စွမ်းရည်မှာ အံ့မခန်း ကြောက်စရာကောင်းအောင်တိုးတက်လာခဲ့သည်။

Ref: Wikipedia မှ ပြန်ဆိုသည်။


နဂါး (naga) နှင့် ဂဠုန် (garuda)


နဂါး (naga)

နဂါးဆိုသည်မှာ သက္ကတနှင့် ပါဠိ စကားအနက်အရ တန်ခိုးအစွမ်းကြီးမားသော နတ်မျိုးနွယ်ဝင်သက်ရှိ (သို့) အလွန်ကြီးမားသောမြွေကိုဆိုလိုသည်။ ဆိုလိုရင်းမှာ မြွေတို့၏ဘုရင်ဖြစ်ပြီး ဟိန္ဒူဘာသာရေးနှင့် ဗုဒ္ဓဘာသာရေးတို့တွင် ဆက်နွယ်၍ “နဂါး” ကိုတွေ့ရလေ့ရှိသည်။
ရှေးခေတ်သူရဲကောင်း ထုံးဟောင်းပုံပြင်အများအပြားတွင် ကြောက်မက်ဖွယ်ရာနဂါးကို တွေ့ရသည်။ ထိုပုံပြင်များအရ နဂါးကို တန်ခိုးအစွမ်းထက်မြက်သောသတ္တ၀ါဟုလည်းကောင်း၊ မြွေများတွင် အဆိပ် အပြင်းအထန်ဆုံးသောမြွေဟုလည်းကောင်း၊ ခွန်အားဗလကြီးမားပြီး ဖန်ဆင်းနိုင်သောသတ္တ၀ါအဖြစ်

"ဝန်ကြီးများရုံး"

 ဝန်ကြီးများအဆောက်အအုံ (Ministers' Building) ကို ဝန်ကြီးများရုံးဟုခေါ်သည်။ မူလအစ အတွင်းဝန်ရုံး ခေါ်ခဲ့သည့် အတွင်းဝန်အဆောက်အအုံသည် ဗြိတိသျှ-ဗမာ အုပ်ချုပ်သူများ၏ရုံးစိုက်ရာဖြစ်ပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တော်တွင်တည်ရှိသည်။

၁၉၀၂ခုနှစ်တွင် ပင်မအဆောက်အအုံကြီး ပြီးစီး၍ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းများကို ၁၉၀၅ခုနှစ်တွင် အပြီးသတ်နိုင်ခဲ့သည်။ တည်ဆောက်စရိတ်စုစုပေါင်း ထိုခေတ်က ကျပ်ပေါင်း ၂.၅ သန်း

Tuesday, January 13, 2015

"မြို့ရိုး၊ ခံတပ် အမည်ရ မြို့နယ်"

 
ရန်ကုန်တိုင်းဒေသကြီးမှာ ခရိုင်(၄) ခရိုင်နှင့် မြို့နယ်(၄၅)မြို့နယ်
ပါဝင်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် (၁၃) မြို့နယ်
တွင် ပါဝင်သော''ကြည့်မြင်တိုင်မြို့နယ်''သည် မွန်ဘာသာဖြင့် မြို့ရိုး၊
ခံတပ်ကို အကြောင်းပြုကာ မှည့်ခေါ်ထားခြင်းဖြစ်သည်။ မွန်ဘာသာ
နှင့် (ကွာဍုင်) ကွာဍုင်ဒိန် (အသံထွက်)ဖြစ်သည်။ ကြည့်မြင်တိုင်ရွာ
ကြီးသည် အလောင်းဘုရား၏ ရန်ကုန်မြို့ကွက်ကာလကပင်
အနောက်မြို့ရိုး၊ခံတပ် အနေဖြင့် တည်ရှိခဲ့သည့် သမိုင်းဝင်ရွာကြီး 

ပင်ဖြစ်လေသည်။

"ကြခတ်ဝရာမင်းသမီးကျိန်စာသင့်နေသောမြို့နယ်"


"ဒလအမည်ရခဲ့ပုံ"

ဒလ၏မူလအမည်မှာ ဍုင်ဇလ(သံထွက်-ဒုန်/ဒုံဇလ)သည် မွန်ဝေါဟာရဖြင့် ခေါ်ဝေါ်ရေးသားထားခြင်းဖြစ်သည်။ ဍုင်(ဒုန်/ဒုံ)သည် "မြို့"ဖြစ်ပြီး ဇလသည်"ကြခတ်ဝါး"လို့အဓိပ္ပာယ်ရသည့်အတွက် "ကြခတ်ဝါးတောမှာတည်ရှိသည်မြို့" ဟုဆိုရမညဖြစ်သည်။ ဒလမြို့အနီးတွင် "ကြခတ်ဝရာ"အမည်ရသည့် သမိုင်းဝင်ရှေးဟောင်းမြို့တည်ရှိရာနေရာရှိသည်။

ပုဂံခေတ်တွင် ထင်ရှားခဲ့သည့် ဒလသည် ယခုတွံတေးမြို့နယ်အတွင်းမှာ ပါဝင်ခဲ့သည်။ ပုဂံခေတ်က "ရာဇသင်္ကြန်အမတ်ကြီး" ကို ဘုရင်က အမျက်တော်ရှ၍ နယ်နှင်ဒဏ်ပေးခဲ့ရာမြေသည် ဒလဖြစ်သည်။ ထိုကာလက ရန်ကုန်မြို့တည်ရှိရာ ဒဂုံသည် တံငါရွာအဆင့်မျှသာရှိပြီး၊ ဒဂုန်/



"မြန်မာ့ပထမဆုံးသော ရုပ်ရှင်ဇာတ်ကား 
(သို့မဟုတ်) မေတ္တာ နှင့် သူရာ"

မေတ္တာနှင့် သူရာ(Love and Liquor)သည် မြန်မာ့ ရုပ်ရှင်လောက၏ ပထမဦးဆုံးသော အသံတိတ် ရုပ်ရှင်ဇာတ်ကား တစ်နည်းအားဖြင့် မြန်မာ့ ပထမဆုံးသော ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ မြန်မာစာရေးဆရာကြီး ပီမိုးနင်း ရေးသားသော ဝတ္ထုကို နောင်တွင် မြန်မာ့ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ် ဦးအုန်းမောင်က ရိုက်ကူးပြီး သရုပ်ဆောင်အဖြစ် ဦးညီပု၊ ဒေါ်ရီရီ တို့က ပါဝင်သရုပ်ဆောင်ထားသည့် အင်္ဂလိပ်ကိုလိုနီခေတ် မြန်မာ့ရုပ်ရှင်ကား တစ်ကား တစ်ကားဖြစ်သည်။





" ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတ"

စဝ်ရွှေသိုက်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတဖြစ်သည်။ ၁၉၄၈-ခုနှစ် ဇန်နဝါရီ ၄ရက် မှ ၁၉၅၂-ခုနှစ် မတ်လ ၁၆-ရက် အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။

သမ္မတကြီး စဝ်ရွှေသိုက်သည် ညောင်ရွှေမြို့၌ အင်းတိန်မြို့စား အဖ စဝ်ချုံ၊ အမိ စဝ်နန်းဆာတို့မှ ၁၈၉၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ (မြန်မာ သက်ကရာဇ် ၁၂၅၇-ခုနှစ်)တွင် မွေးဖွားခဲ့သည်။ စဝ်ရွှေသိုက်၏ အမည်ရင်း မှာ စဝ်ရွှေဆိုက် ဖြစ်သည်။ အကြောင်းမှာ ၄င်းမွေးဖွားချိန်တွင် ရှမ်းပြည်ညောင်ရွှေဒေသရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဖောင်တော်ဦးစေတီတော်မြတ်ကြီး ပွဲတော်ကျင်းပနေခိုက်ဖြစ်သည်။ ထိုအချိန်အတွင် မယ်တော်စဝ်နန်းကြီးသည် မီးမဖွားနိုင်ပဲဒုက္ခတွေ့လျက်ရှိပုံမှာ ဝမ်းတွင်းရှိသန္ဓေသားသည် ဘုန်းကြီးသူဖြစ်၍သာ မွေးဖွားရခက်ခဲသည်ဟု ယူဆကြသဖြင့် လောကီယတြာအဖြင့် ရွှေထီးမိုးပေးခဲ့သော်လည်း မီးမဖွားနိုင်ပဲဖြစ်နေသည်။


"ခေတ်သစ်နိုင်ငံတခု ဖြစ်အောင်ကိုယ်ထိလက်ရောက် ကြိုးပမ်းခဲ့သည့် မင်းသားကြီး"

ကနောင်မင်းသား(မြန်မာ ၁၁၈၁-၁၂၈၁) သည်မြန်မာနိုင်ငံ ကိုယ့်မင်းကိုယ်ချင်းဘဝနှင့်နေစဉ်ကပင် နိုင်ငံတော်ကို ခေတ်သစ်နိုင်ငံတခု ဖြစ်မြောက်အောင်ကိုယ်ထိလက်ရောက် ကြိုးပမ်းခဲ့သည့် မြန်မာမင်းသားကြီး တစ်ပါးဖြစ်သည်။ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းစံနစ်ပြောင်းလဲခြင်းကို အကြောင်းပြု၍ လူ့သမိုင်းတွင် ခေတ်တစ်ခေတ်မှ အခြားခေတ်တစ်ခေတ်သို့
ပြောင်းလဲလာခဲ့ရသည်ဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း ၁၉ ရာစု နှစ်များ အလယ်လောက်က ခေတ်ပြောင်းလဲခြင်းကို ဖန်တီးပေးသည့် အဖြစ်အပျက်များပေါ်ပေါက်ခဲ့လေသည်။
အောက်မြန်မာပြည်တွင်ဗြိတိသျှတို့ ရောက်ရှိကြီးစိုးလာခြင်း၊ ကိုယ့်မင်းကိုယ်ချင်းနေသော မြန်မာနိုင်ငံအထက်ပိုင်းသည် ထိုစဉ်အခါက တိုးတက်လျက်ရှိသော ဥရောပနိုင်ငံအချို့နှင့် ဆက်သွယ်မှုများ ရရှိလာခြင်းကြောင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းစနစ်တို့၏ အခြေခံဖြစ်သော အသစ်အဆန်းတီထွင်မှုပြောင်းလဲမှုတို့သည် အထက်မြန်မာပြည်သို့ ရောက်ရှိလာကာ ခေတ်ကိုပြောင်းလဲစေနိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်ခဲ့လေသည်။ ထိုအခွင့်အလမ်းများကို အမြင်ကျယ်စွာနှင့် အသုံးပြုကြသော



"Memory of the World"

၁၇၅၆ ခုနှစ်တွင် ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားက ဗြိတိန်ဘုရင် George (2) ထံ မြန်မာနှင့် ဗြိတိန် ချစ်ကြည်ရေးတိုးမြှင့်ဆောင်ရွက်ရန် ရေးသားခဲ့သော ရွှေပေရွက်လွှာသည် ယနေ့အထိ ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ရှိ Gottfried Wilhelm Leibniz စာကြည့်တိုက်တွင်ရှိသည်။
အဆိုပါရွှေပေရွက်လွှာသည် အရည်အသွေးကောင်းသော ရွှေအစစ်ကို ပါးလွှာအောင် အပြားခတ်ထားပြီး အလျား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာရှိ ပေရွက်ပုံသဏ္ဍာန် ပြုလုပ်ထားကာ ထိပ်တစ်ဖက်စီတွင် အရည်အသွေးတူညီသော ပတ္တမြား ၁၂ လုံးစီမြုပ်ထားသည်။ ရွှေပေရွက်လွှာပေါ်တွင်